Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာ၌(VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

31 May 22

ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာ၌(VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
========================================================================
 ကျေးသီး မေလ ၃၀ ရက်
=======================
 
သမဝါယမနှင့် ‌ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင် ၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေ ကျပ်(၁၀)သန်း၊ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
 
 
ကျေးသီးမြို့နယ် အတွင်းရှိကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေများဖြင့် ကျေးရွာတွင်း လမ်း၊တံတား၊ရေပေးရေး၊ မီးလင်းရေး ၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုအခါစီမံကိန်းဆောင်ရွက်မည့် ကျေးရွာများကို ကျေးရွာရွေးချယ်ရေးစံသတ်မှတ်ချက်များ နှင့် အညီ မြို့နယ်အဆင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် စီစစ်ရွေးချယ်ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။
 
ကျေးသီး မြို့နယ်အတွင်းရှိ ကျေးရွာ(၁ဝ) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ခေးပေါင်းကျေးရွာ၊ စန်စေကျေးရွာ၊ နမ့်ဟိုကျေးရွာ၊ နားယုတ်ကျေးရွာ၊ ဝိန်းကောင်ကျေးရွာ၊ ဟွေမောင်ကျေးရွာ၊ ပန်ပိုကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဝမ်လုံကျေးရွာ နှင့် ဝမ်ကြူကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်မည်။
 
"ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ​၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ကျေးရွာ​၏ အဓိကလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များရေးဆွဲပြီး အဆိုပါစီမံချက်လုပ်ငန်းများကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးအေးနိူင် "မှ ပြောပြ၍သိရသည်။