Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဇီးကုန်းမြို့နယ်၌ မြောက်လွှတ်ကုန်းကျေးရွာ၌ အပ်ချုပ်စက်သင်တန်းဆင်ပွဲကျင်းပ

31 May 22

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းကို မြောက်လွှတ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများတက်ရောက်သည်။

      ရှေးဦးစွာ  ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးသက်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဆက်လက်၍ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်( လက်ထောက်ညွှန်ကြားရေးမှူး) က အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သင်သန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းမှ ရရှိလာသည့် အကျိုးကျေးဇူးများကို ပြောကြားပြီး နောက်ဇီးကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ကျော်မှ သင်တန်းဆင်းလက်မှတ်များကို ‌ပေးအပ်သည်။

       ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းကျေးရွာ၌ ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းကို မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ သင်တန်းသူ (၃၀ )ဦးတက်ရောက်ခဲ့ကြောင်း၊  စက်ချုပ်ကျွမ်းကျင်ဆရာမ ငှားရမ်းပြီး ဘောင်းဘီတို ဘောင်း ဘီရှည်ချုပ်နည်း၊ မိန်းမဝတ်ခါးတို ခါးရှည်အင်္ကျီချုပ်နည်း၊ ကျားဝတ်ရှပ်အင်္ကျီချုပ်နည်း၊ ရင်ဖုံးရင်စေ့ အင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ လုံချည်ချုပ်နည်း ၊စကတ်ချုပ်နည်းစသည့် စက်ချုပ်နည်းပုံစံ(၇)မျိုးကို စာတွေ့လက်တွေ့အခမဲ့ တစ်လကြာ သင်ကြားပေးခဲ့ကြောင်း ဇီးကုန်းမြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က ပြောပြ၍သိရသည်။

ကိုညို(ကျေးလက်)