မန္တလေး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ အား စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်တွင် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာစွမ်းဆောင်ရည်မြှင့်ခန့်မှန်းခြေစာရင်းရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်နှင့် အညီကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးသည့် နည်းပညာများကို စဉ်ဆက်မပြတ် ဆက်လက် လေ့လာပြီး လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြော ကြားပါသည်။
ဆက်လက်၍ သင်တန်းတွင်သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာ ဦးကျော်ဆွေ(ညွှန်ကြားရေးမှူး-ငြိမ်း)အား အမှတ် တရလက်ဆောင်ပေးအပ်ခြင်းနှင့် သင်တန်းတက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကို တိုင်းဒေသကြီး ဦးစီးမှူး ဦးကြည်စောက ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၂)မြို့နယ်မှ သင်တန်းသား (၃၀)ဦးတို့သည် တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၆)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်