အမရပူရ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အမရပူရမြို့နယ် ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့် အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အတက်ပညာသင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကပို့ချပေးသော အတက်ပညာများကို လက်တွေ့နယ်ပယ်တွင် အမှန်တစ်ကယ်အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကျိုးစားသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားပါသည်။
ထိုနောက် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်းမှ သင်ကြားပို့ချပေးမည့် သင်တန်းနည်းပြဆရာမ များက အခြေခံစက်ချုပ်နည်းလမ်းများ၊ ချုပ် ပုံချုပ်နည်းပညာများကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် သင်ကြားပို့ချပေး ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှသင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးမိုကျော်