Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများဆောင်ရွက်ပေးမည်

20 June 22

မန္တလေး  မေ  ၁၈

မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်းမှ ကျေးရွာ များတွင် ယခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်းများ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

“ကျွန်တော်တို့ မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတွေမှာ ယခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာ တစ်ရွာလျှင် အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ကျေးရွာ(၆)ရွာ၌လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ(၁၀)သန်းဖြင့် ကျေးရွာ(၁၈၄)ရွာ၌ လည်းကောင်း၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၆၂၁ ဒသမ ၃၂၈ ဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၂၅မိုင်၊ ၇.၁၅၂ ဖာလုံနှင့် ကျေးလက်ကုန်ထုတ် တံတား(၃၃)စင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၅၀၀ ကျပ်သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၈မိုင်၊ ၂.၄၀၄ဖာလုံကိုလည်းကောင်း၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၀၁၃ ဒသမ ၁၀၂ ဖြင့် ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်း (၉၃)ခုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၁၀၀၀ ကျပ်သန်းဖြင့် ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်း (၅၂)ခုကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖြစ်ပါ ကြောင်း၊ ယခုအခါ ကျေးလက်ကုန်ထုတ်လမ်းတံတားနှင့်ရေရှိရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းစဉ်များဆောင်ရွက်လျက် ရှိကြောင်း” မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်အကျိုးပြုမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ၏ ပကတိလိုအပ်များ အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ‌ဈေးကွက်သို့လွယ်ကူလျှင်မြန်စွာ တင်ပို့ရောင်းချ နိုင်မှာဖြစ်သကဲ့သို့ လယ်ယာသုံးစက်ကရိယာများ သွားလာရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်