Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းဆတ်မြို့နယ် ကာနကျေးရွာ၌ စံပြကျေးရွာဖော်ဆောင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးသင်တန်းပို့ချခြင်း "

18 June 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကာနကျေးရွာအား အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားရေး မြင့်မားစေရေးကဏ္ဍ၏လုပ်ငန်း စဉ်တစ်ရပ် ဖြစ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက်တွင် အဆိုပါကျေးရွာ၌ ပို့ချသည်။

          ရှေးဦးစွာ မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦး က ကျေးရွာအခြေခံအဆောက်အဦဖွံ့ဖြိုးရေးသွင်းအားစုနှင့် ငွေကြေးပံ့ပိုးကူညီရေး၊ အသက်မွေးဝမ်းကျောင်းနှင့်ကျေးလက်စီးပွားရေးမြင့်မားစေရေး အသင်းအဖွဲ့များခိုင်မာအားကောင်း စေရေးနှင့် နည်းပညာဖြန့်ဖြူးရေး လူမှုကာကွယ်‌စောင့်ရှောက်ရေး သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးဟူသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအဓိကလုပ်ငန်းစဉ်ခြောက်ရပ်ဖြင့် ကာနကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာများနှင့်ပတ်သတ်၍ ကျေးရွာသူ၊ ကျေးရွာသားများကို သင်တန်းပို့ချသည်။

          ထို့နောက် တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြောင်းသိရသည်။