Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများ၏ (Price Proposal) ဖွင့်ပွဲအခမ်းအနားကျင်းပ

20 June 22

မန္တလေး  မေ  ၅

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်းရှိကျေးရွာ များတွင် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများနှင့်ရေရရှိရေးလုပ်ငန်းများ၏  (Price Proposal) တင်ဒါအဆိုပြုလွှာ ဈေးနှုန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က အဆိုပါဦးစီးဌာန ရုံး၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက တင်ဒါလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထိုနောက် တက်ရောက်လာကြသော လုပ်ငန်းရှင် ကုမ္ပဏီများ၏ (Price Proposal)‌ဈေးနှုန်းအဆိုပြုလွှာများအား တင်ဒါကော် မတီများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးပြီး တင်ဒါအောင်မြင်သူများ စာရင်းအား ထုတ်ပြန် ကြော်ငြာ ပေးခဲ့ကြောင်းသိရ သည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် တိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း(၃၁)လမ်း၊ ကုန်ထုတ် တံတား(၄၃)စင်းနှင့် ကျေးလက်ရေရှိရေးလုပ်ငန်း(၁၄၅)ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ပြောပြ၍ သိရ သည်။

စိုးမိုးကျော်