Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကော့ကရိတ်ခရိုင်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ box culvert နှင့် pipe culvert လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း"

19 June 22

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျေးလက်ဦးစီးဌာန
ကြီးကြပ်မှုအောက်ရှိ ကော့ကရိတ်မြို့နယ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း  ၂၀၂-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့်  ကျေးလက်ကုန်ထုတ်လမ်း (၈)လမ်း၊ RC တံတား (၁၁)စင်း၊ Box culvert  (၅)စင်း၊ Pipe culvert  (၁၃)စင်းတို့အား  ရန်ပုံငွေ(၇၇.၅၇၉)ကျပ်သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကော့ကရိတ်ခရိုင်အတွင်းရှိမြို့နယ်များမှ  ကျေးလက်နေပြည်သူများ၏  လယ်ယာထွက်ကုန်ပစ္စည်းများ၊ အချိန်မီ သယ်ပို့နိုင်စေရန်နှင့် စျေးနှုန်းသက်သာပြီး  စျေးကွက်သို့  လွယ်ကူ လျှင်မြန်စွာ  ရာသီမရွေး ပေးပို့နိုင်စေရန် ရည်ရွယ်၍  ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ကော့ဝါလဲကျေးရွာအုပ်စု၊ ကော့ဝါလဲကျေးရွာ ကုန်ထုတ်လမ်း၊ Box culvert ဆောင်ရွက်နေမှုအခြေအနေအား  ဇွန်လ ၁၄ ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ မြို့နယ်ဦးစီးမှူးနှင့်  မြို့နယ်တာဝန်ရှိသူများက  lucky 207 ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ကော့ဝါလဲ ကျေးရွာအုပ်စု၊ ကော့ဝါလဲ ကျေးရွာ ကုန်ထုတ်လမ်း    လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို 
 မြေပြင်ကွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကုန်ထုတ် လမ်း၊တံတား၊ box culvert နှင့် pipe culvert များ  လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြာခဲ့ပါသည်။
 
အဆိုပါ ကော့ဝါလဲကျေးရွာ ကုန်ထုတ်လမ်း၊ box culvert နှင့် pipe culvert အား  ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊     ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (  ၉၂.၃၀၆  )ကျပ်သန်းဖြင့်  မြေ+ဂဝံအမျိုးအစား ကုန်ထုတ်လမ်း ( ၂/၀ မိုင်၁၂'၂'၉")၊   box culvert  (၁)စင်း နှင့်pipe culvert  (၅)စင်း တို့အား တင်ဒါအောင်မြင်ခဲ့သော  lucky 207 ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ယနေ့ အထိ  (၃၀%)ကျော်  ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။