Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်"

16 June 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန် နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဟိုပန်ကျေးရွာအုပ်စု နားကော့ကျေးရွာ၌ ဇွန်လ ၁၅ရက် နံနက်ပိုင်းတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီကျင်းပကြောင်းသိရသည်။

          ရှေးဦးစွာ        မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး  ဦးစိုင်းအောင်မျိုးထက် က နားကော့ကျေးရွာရှိ ရပ်မိရပ်ဖများ၊ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံပြီး Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက Cash For Work စီမံကိန်းကော်မတီ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ အကျုံးဝင်သည့် စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး အခမ်းအနားသို့တက်ရောက် လာသော ရပ်မိရပ်ဖများ၊ကျေးရွာသူ၊ကျေးရွာသားများက Cash For Work စီမံကိန်းဆောင်ရွက်ရန် ကော်မတီဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

          နားကော့ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ၏ဦးစားပေးရွေးချယ်ထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ဦးစီးဌာနမှ ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်းမိုင်းတုံမြို့နယ်ဦးစီးမှူးဦးစိုင်းအောင်မျိုးထက်ထံမှသိရသည်။