Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ် ထနောင်းကုန်း ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံ ကိန်းရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေး

16 June 22

ရေနံချောင်း ၊ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ရေနံချောင်း
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ ထနောင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေအဋ္ဌမ အကြိမ်မြောက်ထုတ်ချေးခြင်းကို ဇွန် ၁၅ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌  ​ပြုလုပ်ခဲ့ကြောင်းသိရသည်။
  ရှေးဦးစွာ ရေနံချောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းကစီမံကိန်းလက်စွဲစာအုပ်ပါလမ်းညွှန်ချက်များနှင့် ယခုလို စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေး ဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ သို့ စီမံ ကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ  ၂၂၇ဦး၊ ငွေကျပ် ၄၆၂သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉ဦး ၊ ငွေကျပ် ၂၀သိန်းငါးသောင်း၊စုစုပေါင်းအသင်းသား၊အ သင်းသူ ၂၃၆ဦး၊ ငွေကျပ် ၄၈၂သိန်း ငါးသောင်းအားထုတ်​ချေးပေးခဲ့ကြောင်း ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းကပြောပြ၍ သိရသည်။                                  
                                                      နွဲ့ယဥ်