Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စေတုတ္တရာမြို့နယ် ကူတော်ကျေးရွာ၌ သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

16 June 22

စေတုတ္တရာ ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကူတော်ကျေးရွာအုပ်စု၊ ကူတော်ကျေးရွာ၌ ကျေးလက်နေတောင်သူများ အတွက် ''သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းသင်တန်း"ဖွင့်ပွဲကို ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ဒေသခံတောင်သူများ သဘာဝဓာတ်မြေသြဇာများ ကိုယ်တိုင်ပြုလုပ်ပြီး စိုက်ပျိုးနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အရင်းအနှီးနဲနဲဖြင့် အကျိုးအမြတ်ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

စေတုတ္တရာမြို့နယ် ကူတော်ကျေးရွာ၌ ဖွင့်လှစ်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းသင်တန်း၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းစနစ်များကို စာတွေ့လက်တွေ့ဖြင့် ဇွန် ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၇ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကူတော်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး