ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီ လက်ထောက်ညွှန်ကြားရေးမှုး သည် ဦးအောင်သူမြင့်၊ ဒုတိယဦးစီးမှူးနှင့် ရုံးအဖွဲ့တို့ လိုက်ပါလျက် အမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ( ဆူးပုတ်ပျဉ်းတော + ကမ်းဒိတ် ) ကျေးရွာ မြစိမ်းရောင် စီမံကိန်း ကျေးရွာသို့ ကွင်းဆင်းကာ စီမံကိန်းရန်ပုံငွေ ( အတိုး+ အရင်း) ပေးသွင်းရန် ကျန်ရှိမှုအား ဇွန်လ ကုန်ပိုင်းတွင် ပေးသွင်းနိုင်ရေး ကျေးရွာသူ/သားများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့်လမ်းညွှန် မှုများပြုခဲ့ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။