ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွှယ်လျက် အသက် မွေးဝမ်းကျောင်းအထောက်ကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းအား (၁-၆-၂၀၂၂) ရက်နေ့မှ ( ၂၀-၆-၂၀၂၂)ရက်နေ့ထိ သင်းတန်းသား (၂၀)ဦးဖြင့် ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ သင်တန်း ဖွင့်ပွဲတွင် မင်းပြား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးမျိုးစိုးမိုးက အမှာစကား ပြောကြားခြင်း၊ မင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သိန်း ၊ လက်ထောက်ညွှန်ကြားရေးမှူးမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သင်တန်း နည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းဖွင့်လှစ်ပြီးစီးပါက ကျေးလက်နေပြည်သူများ အနေဖြင့် မိမိတို့ တတ်မြောက်ထားသော အတတ်ပညာဖြင့် လုပ်ကိုင် ဆောင်ရွက်ကာ မိသားစု ဝင်ငွေ ရရှိလာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။