ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက လက်ပန်အဝကျေးရွာအုပ်စု အဝတောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရ ငွေကျပ် ၈ ဒဿမ ၅သန်း ကျေးရွာ ပြည်သူများ လုပ်အားတန်ဖိုး ငွေကျပ် တစ်သန်း တို့ဖြင့် ကျေးရွာ တွင်း ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်လျှက်ရှိပြီး အဝတောင် ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်ဘီး လမ်းခင်းခြင်းမှာ အလျား ပေ ၇၀၀ နှစ်ဖက်၊ အကျယ် ၂ပေစီရှိကာ အမြင့် ၆ လက်မဖြစ်ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းနှင့် ဝန်ထမ်းများက ဇွန် လ(၄) ရက် က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလိုအပ် သည်များကို ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။