Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

15 June 22

တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာ ဆောင်ရွက်ရန်အတွက် အဘေစာဖြူစုကျေးရွာအုပ်စု၊ ညောင်ကုန်း ကျေးရွာ(၁)ရွာ ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရပါသည်။

စီမံကိန်းဆောင်ရွက်ခွင့်ရရှိသည့် အဘေစာဖြူစုကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအား စီမံကိန်းဆောင်ရွက်ရန်အတွက် (၁၃.၆.၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ ခဲ့ပါကြောင်း သိရပါသည်။

ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ မိသားစုဝင်ငွေတိုးပွားလာစေရန်၊ ဆင်းရဲမှု လျော့ကျလာစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း (၃၅)ရွာ၌ ဆောင်ရွက်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်ဟု သိရပါသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အဘေစာဖြူစုကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးမှ ငွေကျပ်သိန်း (၃၀၀)ကို လွှဲပြောင်းပေးအပ်ရာ အဘေစာဖြူစုကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမျိုးသန့်နှင့် ညောင်ကုန်းမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးစန်းအောင်မှ လက်ခံရယူခဲ့ပါကြောင်း သိရပါသည်။