Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ယူရီးယားဓာတ်မြေသြဇာများ ရောင်းချပေးမည်

15 June 22

စလင်း ဇွန် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရန်အတွက် တာဝန်ရှိသူများက ဇွန် ၁၄ ရက်နေ့က ဒေသခံဓာတ်မြေသြဇာအရောင်းကိုယ်စားလှယ်များ၏ ဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့်ဝန်ထမ်းများသည် ယူရီးယားဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချမည့် ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုနှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေသြဇာများ ရောက်ရှိနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဓာတ်မြေသြဇာအရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တောင်သူလယ်သမားများလက်ဝယ် ရောင်းချပေးမည့်အစီအစဥ်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်​မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ရောင်းချပေးရခြင်းဖြစ်ကြောင်း၊ စလင်းမြို့ရှိ ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ဇူလိုင် ပထမပတ်မှ စတင်၍ ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျင် ၈၉၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး