Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် အုန်းမှင်ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး"

14 June 22

ဆိပ်ဖြူ၊ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ အုန်းမှင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ
(အဋ္ဌမ)အကြိမ်မြောက်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေး ရွာ၌  ​ပြုလုပ်ခဲ့ကြောင်းသိရသည်။
  ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က စီမံ ကိန်းလက်စွဲစာအုပ်ပါလမ်းညွှန်ချက်များနှင့် ယခုလို စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေး ဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ကျေး ရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ သို့ စီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ  ၄၁ဦး၊ ငွေကျပ် ၂၂၉သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၃၆ဦး ၊ ငွေကျပ်၁၃၆သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး၊ငွေကျပ် ၇၂သိန်း၊အသက်မွေးဝမ်း ကျောင်းလုပ်ငန်းလုပ်ကိုင်သူနှစ်​ဦး၊ငွေကျပ် ၁၀သိန်း၊စုစုပေါင်းအသင်း သား၊အသင်းသူ ၉၀ဦး၊ ငွေကျပ် ၄၄၇ သိန်း ထုတ်​ချေးပေးခဲ့ကြောင်း သိရသည်။                                  
                                                      နွဲ့ယဥ်