စလင်း ဇွန် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကဒါန်းကျေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ဇွန် ၁၃ ရက်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် တာဝန်ရှိသူများသည် ကဒါန်းကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ ကျေးရွာအတွင်း လက်ရှိရေသုံးစွဲမှုအခြေအနေ၊ သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်ရန် မြေနေရာရရှိနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကဒါန်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ၄ လက်မအကျယ်၊ ၆၀၀ ပေ အနက် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို Magway S Three ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး