Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းပေါ်တွင် ကွန်ကရစ်တံတားတည်ဆောက်ရန်ကွင်းဆင်းတိုင်းတာ

13 June 22

စလင်း ဇွန် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွင်မည့် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းပေါ်တွင် ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် တာဝန်ရှိသူများက ဇွန် တာဝန်ရှိသူမျ၁၂ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းတိုင်တာခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် အင်ဂျင်နီယာများသည် တာဝန်ယူဆောင်ရွက်မည့် တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပန်းပြင်ကျေးရွာကုန်ထုန်လမ်း၊ တံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ
၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းပေါ်တွင် အရှည် ၂၅ ပေရှိသော ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ရန်အတွက် လက်ရှိရေလမ်းကြောင်းအခြေအနေနှင့် မြေနေရာရရှိနိုင်မှုအခြေအနေများကို စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး နှင့် အင်ဂျင်နီယာများက ကွန်ကရစ်တံတားတည်ဆောက်ရန် သင့်လျော်သည့်နေရာအား အတည်ပြုသတ်မှတ်ပေးခဲ့သည်။

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ပန်းပြင်ကျေးရွာကုန်ကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ မြေနီကျောက်စရစ်ခင်းခြင်း၊ အရှည် ၂၅ ပေရှိကွန်ကရစ်တံတား တစ်စင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလရန်ပုံငွေကျပ် ၄၇ ဒသမ ၄၉၂ သန်းဖြင့် တော်ဝင်ထွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ပန်းပြင်ကျေးရွာရှိ အိမ် ၁၅၄ အိမ်၊ လူ ၆၆၁ ဦး၊ လယ်ယာစိုက်ပျိုးရေး ဧက ၃၆၀ မှ ထွက်ရှိသော စပါး၊ နှမ်း၊ ပဲမျိုးစုံနှင့်အခြားစိုက်ပျိုးသီးနှံများကို ရာသီမရွေးစျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း စလင်းမြို့နယ် ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး