Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ရုံးပင်ကန်ကျေးရွာ၌ ရေသုံးစွဲမှု စစ်တမ်းကောက်ယူ

12 June 22

စလင်း ဇွန် ၁၂
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ရုံးပင်ကန်ကျေးရွာ၌ လက်ရှိရေသုံးစွဲမှုအခြေအနေ စစ်တမ်းကောက်ယူခြင်းကို တာဝန်ရှိသူများက ဇွန် ၁၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ ဦးစိုးသူနှင့် ရုံးပင်ကန်ကျေးရွာ ရေရရှိရေးကော်မတီဝင်များသည် ကျေးရွာအတွင်း လက်ရှိအသုံးပြုလျက်ရှိသော တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း အရေအတွက်၊ ရေထုတ်ယူသုံးစွဲမှုအခြေအနေ နှင့် ရေထုတ်ယူသုံးစွဲသည့်နည်းလမ်းများ၊ ကျေးရွာရှိ လူဦးရေ နှင့် ရေအရင်းအမြစ် မျှတမှုရှိမရှိ၊ အသုံးပြုနေသော ရေအရင်းအမြစ်များသည် ဘေးကင်းလုံခြုံမှုရှိမရှိ အခြေအနေများကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ 
 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှုအခြေအနေ၊ သောက်သုံးရေလုံလောက်မှုရှိမရှိအခြေအနေများကို သိရှိနိုင်ရန် ရေသုံးစွဲမှုစစ်တမ်းများ ကွင်းဆင်းကောက်ယူရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
 
အထွေး