Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချ

11 June 22

ရေနံချောင်း ၊ဇွန် ၁၁
  မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း စီမံခန့်ခွဲရေးနှင့်ငွေစာရင်းထိန်းသိမ်းနည်း သင် တန်းကို ဇွန် ၁၀နံနက်ပိုင်းက ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက သင်တန်း ဖွင့် အမှာစကားပြောကြား သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်ခင်ဆွေသက်(ဒုတိယဦးစီးမှူး)နှင့်ဝန်ထမ်းများက
မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စီမံကိန်းလက်စွဲစာအုပ်ပါ အချက်အလက်များ စီမံခန့်ခွဲနည်းများနှင့် ငွေစာရင်းပုံစံများဖြည့်သွင်းနည်းများကို စာတွေ့၊လက်တွေ့  သင် ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
   အဆိုပါသင်တန်းကို ဇွန် ၁၀ရက်နံနက် ၉နာရီ မှ ညနေ ၅နာရီ ထိ  သင်ကြားပို့ချပေးခဲ့ပြီး သက်တန်းသို့ ၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ် တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်မည့် ချိုင်းကျေးရွာအုပ်စု၊ သစ်မြင်တော ကျေးရွာမှ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ် ငန်းအဖွဲ့ဝင်  ၇ ဦး တက်ရောက်သင်ယူခဲ့ကြောင်း ရေနံချောင်းမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးထွန်းမင်းက ပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်