Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ်သစ်မြင်တော ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံ ကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်လုပ် ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်

10 June 22

ရေနံချောင်း၊ ဇွန် ၁၀
   မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်မည့် ချိုင်းကျေးရွာ အုပ်စု၊သစ်မြင်​တောကျေးရွာတွင်မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို ဇွန် ၉ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးထွန်းမင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ် ငန်းစဥ်များနှင့်ပတ်သက်၍ စီမံကိန်းလက်စွဲစာအုပ်ပါ လိုက်နာရမည့် အ ချက်အလက်များကိုမိတ်ဆက်ရှင်း လင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊လုပ်ငန်းအ ကောင်အထည်ဖော် ဆောင်ရွက်ခြင်း
နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
   ထို့နောက် ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦးကိုအများသ ဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်ရွေးချယ်ဖွဲ့စည်းပေးခဲ့​ကြောင်း သိရသည်။
    အဆိုပါကျေးရွာကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအ ဝယ်လုပ်ငန်းများ၊အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများလုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ အားထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်