ဆိပ်ဖြူ၊ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီးဆိပ်ဖြူမြို့ နယ် ၊တဲကြီးကျေးရွာအုပ်စု၊တဲကြီးကျေးရွာရှိကျေးလက်နေပြည်သူများ
အလုပ်အကိုင်အခွင့်အလမ်းရရှိပြီးဝင်ငွေတိုးပွားလုပ်ငန်းများဆောင်ရွက်နိုင်ရန်အသက်မွေးဝမ်းကျောင်းအ ထောက်အကူပြုလျှပ်စစ်ဆိုင်ရာပြု ပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို
ဇွန်၆နံနက်ပိုင်းက အဆိုပါတဲကြီးကျေးရွာ စာသင်ကျောင်း ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင် က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆိပ်ဖြူမြို့နယ် ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကအ သက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချပေးမည့်ဘာသာ ရပ်များနှင့်သင်တန်းတက်ရောက်ရာ တွင်လိုက်နာရမည့်စည်းကမ်းသတ်မှတ် ချက်များကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံလွှဲ ပြောင်းပေးအပ်ခဲ့သည်။
အဆိုပါအသက်မွေးဝမ်းကျောင်းသင် တန်းသို့ ဆိပ်ဖြူမြို့နယ်တဲကြီးကျေး ရွာအုပ်စုအတွင်းရှိကျေးရွာများမှ သင် တန်းသားဦးရေ ၂၀ ဦး တက်ရောက်ကြပြီးသင်တန်းတွင် မီတာဘောက်တပ်ဆင်နည်း၊အင်တာနယ်ဝါယာရိန်းတပ်ဆင်နည်း၊လိုင်းတပ်ဆင်နည်း၊မိန်းပင်နယ်တပ်ဆင်နည်း၊အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းနည်းနှင့်အိမ်တွင်းလျှပ်စစ်ပစ္စည်းများပြုပြင်ထိန်းသိမ်းနည်း စ
သည့် သင်ခန်းစာများကို လျှပ်စစ်ကျွမ်းကျင်ပညာရှင်များက ဇွန် ၆ ရက်နေ့မှ ၂၀ရက်နေ့ ထိ(၁၅) ရက် ကြာ စာတွေ့၊လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွဲ့ယဥ်