Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်း

07 June 22

မကွေး ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်အတွက် ချောင်းဖြူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ခြင်းကို ဇွန် ၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ရွေးချယ်ရာတွင် အခြေခံရမည့်မူများနှင့် တာဝန်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဝင် ၇ ဦးကို အများသဘောဆန္ဒဖြင့် ရွေးချယ်ခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာတွင် အိမ်ခြေ ၂၆၆ အိမ်၊ အိမ်ထောင်စု ၂၈၀ စု၊ လူ ၈၁၃ ဦးနေထိုင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်းသုံးရာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး