Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ် ကန်ရေလေးကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ရန် ကွင်းဆင်းတိုင်းတာ

06 June 22

ချောက် ဇွန် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၇ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်မည့် ချောက်မြို့နယ်၊ ကန်ရေလေး ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ဇွန် ၅ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် ချောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် အင်ဂျင်နီယာများသည် တင်ဒါအောင်မြင်သော စွမ်းထက်ပြည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကန်ရေလေး ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု တစ်ပေ ကိုးလက်မ အမာခံကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေနေရာရရှိနိုင်မှုအခြေအနေ၊ လက်ရှိလမ်းအကျယ်နှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာသတ်မှတ်ခဲ့ကြောင်း သိရသည်။

ကန်ရေလေးကျေးရွာကုန်ထုတ်လမ်းသည် အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေး ဧက ၅၅၀ တွင် စိုက်ပျိုးထားသော စပါး၊ နှမ်း၊ ပဲမျိုးစုံနှင့် အခြား သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ အဓိကအားထားရာ လမ်းတစ်လမ်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၂၀၀ အိမ်၊ လူ ၈၃၃ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း ချောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး