Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ ကျေးရွာအဆင့်လုပ်ငန်းချပြရှင်းလင်းပွဲ ကျင်းပပြုလုပ်

05 June 22

စလင်း ဇွန် ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွင်မည့် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအဆင့်လုပ်ငန်းချပြရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၄ ရက်နေ့ နံနက် ၁၁ နာရီက ပန်းပြင်ကျေးရွာဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ယခုဘဏ္ဍာရေးနှစ်တွင် ပန်းပြင်ကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မ မြေနီကျောက်စရစ်ခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်တွင် ကွန်ကရစ်တံတားတစ်စင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တော်ဝင်ထွန်းကုမ္ပဏီက တာဝန်ယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တင်ဒါအောင်မြင်သော တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက သိလိုသည်များ မေးမြန်းပြီး အပြန်အလှန် ဆွေးနွေးကြသည်။

ပန်းပြင်ကျေးရွာကုန်ကုန်ထုတ်လမ်းတံတားလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလရန်ပုံငွေကျပ် ၄၇ ဒသမ ၄၉၂ သန်းဖြင့် တော်ဝင်ထွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ပန်းပြင်ကျေးရွာရှိ အိမ် ၁၅၄ အိမ်၊ လူ ၆၆၁ ဦး၊ လယ်ယာစိုက်ပျိုးရေး ဧက ၃၆၀ မှ ထွက်ရှိသော စပါး၊ နှမ်း၊ ပဲမျိုးစုံနှင့်အခြားစိုက်ပျိုးသီးနှံများကို ရာသီမရွေးစျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း စလင်းမြို့နယ် ဦးစီးမှူးဦးစိုးခိုင်ထံမှ သိရသည်။

အထွေး