စလင်း ဇွန် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်အတွင်း ဆောင်ရွင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့်လုပ်ငန်းချပြရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၃ ရက်နေ့ နံနက် ၉ နာရီက စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့်ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တင်ဒါအောင်မြင်သော တော်ဝင်ထွန်းကုမ္ပဏီ နှင့် Magway S Three ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကျေးရွာကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ငါးရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ပန်းပြင်ကျေးရွာကုန်ထုတ်လမ်းအရှည် ၇ ဖာလုံအား မြေနီကျောက်စရစ်ခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် ကွစ်ကရစ်တံတား တစ်စင်း နှင့် Pipe Culvert လေး စင်း တည်ဆောက်ခြင်း၊ ပေါက်ခြုံကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို တော်ဝင်ထွန်းကုမ္ပဏီကလည်ကောင်း၊ စလင်းမြောင်းမကြီးလက်တံ(၂)ကုန်ထုတ်လမ်းအရှည် နှစ်မိုင် မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကဒါန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို Magway S Three ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူဦးစိုးခိုင်ထံမှ သိရသည်။
အထွေး