Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် မယ်ဇလီကွေ့ ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံ ကိန်းလုပ်ငန်းများ စစ်ဆေး

01 June 22

ဆိပ်ဖြူ၊ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ မယ်ဇလီကွေ့
ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းဖြင့် ဆောင်ရွက်ထားသော လုပ် ငန်းများကို မေ ၃၁ရက်ည​နေပိုင်း
တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့်စီမံကိန်းတာဝန်ခံဝန် ထမ်းများက မယ်ဇလီကွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည် ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းများနှင့်လအလိုက်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံ​များပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယ်ဇလီကွေ့ကျေးရွာ၌ မြစိမ်း ရောင်စီမံကိန်းကို ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ  ၈၀ဦး ကို  ငွေကျပ် ၂၈၂သိန်း၊အရောင်းအဝယ်လုပ် ငန်းလုပ်ကိုင်သူ ၁၀ဦး၊ငွေကျပ်၂၀သိန်း ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ် ကိုင်သူ ၁၀ဦး၊ငွေကျပ် ၁၅သိန်း  ထိထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်ကြောင်းဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်