Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်

31 May 22

စလင်း မေ ၃၁
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 
 
ရှေးဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက မကွေးမြို့နယ်ရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အသိပညာများကိုလည်းသင်တန်းသူ/သားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးပြီဖြစ်၍ လက်တွေ့အသုံးချကြစေလိုကြောင်း ပြောကြားသည်။ 
 
ဆက်လက်၍ သင်တန်းသူ/သားများကိုယ်စား သင်တန်းသူတစ်ဦးမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းကို ပုတီကုန်းကျေးရွာတွင် လာရောက်ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ သင်တန်းမှ တတ်မြောက်ခဲ့သော အခြေခံပညာများကိုအသုံးပြုပြီး အဆင့်မြင့်ပညာများကို လက်လှမ်းမီသလောက် ဆက်လက်သင်ယူပြီး မိမိတို့မိသားစု စားဝတ်နေရေးအတွက် လက်တွေ့ကျကျ အသုံးချသွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားပြောကြားသည်။
 
ပုတီးကုန်းကျေးရွာ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ ပုတီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တင်ရောက်ခဲ့ကြပြီး၊ မေလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရက် ၃၀ ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
 
အထွေး