Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လှည်းကူးမြို့နယ်မှ Bakery ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

15 June 22

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ဖွင့်လှစ်သော  Bakery ပြုလုပ် နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၀၉:၀၀)နာရီက ကျောက်အိုင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ပါသည်။

          ရှေးဦးစွာသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခြင်း၊ မြောက်ပိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေးမှ ခရိုင်အတွင်း အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်မှု အခြေအနေအား ရှင်းလင်းပြောကြားခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာ လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ ဦးရဲဇော်ထွန်းမှ သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားခဲ့ပါသည်။

          သင်တန်းတွင် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောက်အိုင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလ(၇)ရက်ကြာ သင်ကြား ပေးသွားမည်ဖြစ်ပါသည်။