Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပေါင်းတည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်းမိတ်ဆက်ရှင်းလင်း ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

15 June 22

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်၍  ရွာသစ်ကြီး အရှေ့စု ကျေးရွာ၌ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၁၃ရက်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်သည်။         

ရှေ့ဦးစွာ ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးယုနိုင်လင်းက စီမံကိန်းအကြောင်းအရာများ၊ လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားပြီးနောက် ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ကော်မတီ ဖွဲ့စည်းရာမှ လိုက်နာရမည့်စည်ကမ်းချက်များ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ကဏ္ဍတစ်ခုခြင်းစီ အလိုက်ရှင်းလင်ပြောကြားခဲ့ကြောင်းသိရသည်။

          ရွာသစ်ကြီးအရှေ့စုကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) စီမံကိန်းအတွက် ကျေးရွာကော်မတီဝင် ၁၀ဦးကို အဆိုပါကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။