Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စပါးကြီးစမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၄၅၀ ထုတ်ချေး

14 June 22

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်သော မဆယ်ဆိပ်ကျေးရွာအုပ်စု၊ စပါးကြီးစမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ၁၂ရက်နေ့ မွန်းလွဲ၁နာရီတွင် နေ့ချင်းပြီး မြစိမ်းရောင် ချေးငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး/နည်း ဦးညွန့်ဇော်မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ မိသားစုဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ပြန်လည်ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း၊ ချေးငွေများအား အသက်မွေးဝမ်းကျောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ထုတ်ချေးပေးခြင်းဖြစ်သည့်အတွက် တလွဲအသုံးမပြုကြစေလိုကြောင်း စီမံကိန်း ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ သတ်မှတ်ရက်တွင် အတိုး/အရင်း ပြန်လည်ပေးဆပ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျေးလက်ဝန်ထမ်းများကကြီးကြပ်၍ စပါးကြီးစမ်းကျေးရွာ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေလုပ်ငန်းအဖွဲ့ဥက္ကဌနှင့် ကော်မတီဝင်များမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၉၁ဦး၊ မွေးမြူးရေးလုပ်ကိုင်သူ(၈)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၇)ဦး၊ စုစုပေါင်း(၁၀၆)ဦးအား ကျပ်သိန်း ၄၅၀ ထုတ်ချေးပေးခဲ့ပါသည်။