ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာ ဓမ္မရံသီဓမ္မာရုံ၌ ဇွန်လ ၉ ရက် နံနက်၉နာရီခွဲတွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး/နည်းပညာဦးညွန့်ဇော်မှ စီမံကိန်းအား ကဏ္ဍခြောက်ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
၄င်းအခမ်းအနားသို့ မြို့နယ်ကျေးလက်ဦးစီးမှူးဦးညွန့်ဇော်နှင့် ရုံးအဖွဲ့၊ မြို့နယ်ထွေ/အုပ်မှ ဒုတိယဦးစီးမှူးဦးမျိုးလွင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ပါသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက် သည့်အနေဖြင့် ကန်တော့ခံ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား၁၂ဦးအား ဂါရဝပြုအလှူငွေ ပေးအပ်ပြီး ဘိုးဘွား၄ဦး တက်ရောက်ခဲ့ပြီး ကျန်၈ဦးကို နေအိမ်များသို့ သွားရောက်ဂါရဝပြု အလှူငွေများ ပေးအပ်ခဲ့ပါသည်။