Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Official English Language Course ဖွင့်ပွဲအခမ်းအနားကျင်းပ

16 May 22

ဘားအံ မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကြီးမှူး၍ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် Official English Language Course  ဖွင့်ပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့က အဆိုပါဦးစီးဌာနရုံး သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကရင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးရန်မျိုးနိုင်က သင်တန်းတက်ရောက် လာသော ဝန်ထမ်းများအနေဖြင့် သင်တန်းကသင်ကြားပို့ချမည့် ဘာသာရပ်များကို မိမိ၏လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချနိုင်စေရန် ကြိုးစားသင်ယူကြစေလိုကြောင်းပြောကြားပြီး သင်တန်းနည်းပြဒေါ်အိမွန်ခိုင်က သင်ကြားပို့ချမည့် ဘာသာရပ်များကိုရှင်းလင်းသည်။

အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များက သင်တန်းသား/သူ စုစုပေါင်း ၁၅ ဦးတက်ရောက်ကြပြီး သင်တန်းကိုမေလ ၃၀ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။