Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပင်လောင်းမြို့နယ်၊ တင်းထက်(မ)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေး

15 May 22

ပင်လောင်းမြို့နယ်၊ တင်းထက်(မ)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေး
=====================================================================
ပင်လောင်း မေ ၁၅
===============
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသား စုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့် အတန်းကွာဟမှုကိုလျှော့ချနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်‌စီမံကိန်းမှ ချေးငွေများထုတ်ချေးခြင်းကို စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်(မ) ကျေးရွာ၌ ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်မေမိုးထိုက် က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် တခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခြင်းဖြစ်‌ကြောင်းပြောကြားခဲ့သည်။
 
ထို့နောက် တင်းထက်(မ) ကျေးရွာ မြစိမ်းရောင်စီမံကိန်း၏ ကျေးရွာကော်မတီဝင်များမှ အာလူး၊ ပြောင်း၊ ထောပတ်၊ လက်ဖက်၊ ကော်ဖီအစရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မည့် အသင်းသူအသင်းသား စုစုပေါင်း ၆၅ ဦးထံသို့ ချေးငွေကျပ်သိန်း ၃၀၀ ကို အတိုးနှုန်းကျပ်တစ်ရာလျှင် ပြား ၅၀ နှုန်းဖြင့် အသင်းသူအသင်းသားများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။