Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းကိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်

14 May 22

မိုင်းကိုင်မြို့နယ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်
========================================================================
မိုင်းကိုင် မေ ၁၄
=============
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးဆိုင်ရာအသိပညာဗဟုသုတများရရှိလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးသင်တန်းကို ကုန်းဆာကျေးရွာတွင် ယနေ့နံနက် ၁၀နာရီကဖွင့်လှစ်ခဲ့သည်။
 
ရှေးဦးစွာ မိုင်းကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်ကျော် ကအမှာစကားပြောကြားသည်။ ဆက်လက်၍မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ကသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင်ဖွင့်လှစ်ပို့ချပေးမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားသည်။
 
အဆိုပါသင်တန်းဖွင့်ပွဲသို့ မိုင်းကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်းဆာကျေးရွာမှ သင်တန်းသား ၁၀ဦး သင်တန်းသူ ၁၀ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကစိုက်ပျိုးရေးနှင့်ပတ်သတ်သည့်အသိပညာဗဟုသုတအကြောင်းအရာများအား လက်ကမ်းစာစောင်များဖြန့်ဝေ၍ စာတွေ့လက်တွေ့သင်တန်းကာလ ၁၀ရက်ကြာအခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းမိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ကပြောပြ၍သိရသည်။