Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ လွိုင်လင်မြို့နယ် ပန်ခေါက်ဝိုးကျေးရွာ၌ သောက်သုံးရေရရှိရေးနှင့် မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

14 May 22

ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ လွိုင်လင်မြို့နယ် ပန်ခေါက်ဝိုးကျေးရွာ၌ သောက်သုံးရေရရှိရေးနှင့် မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
==================================================================================================================================
လွိုင်လင် မေ ၁၄
==============
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပန်ခေါက်ဝိုးကျေးရွာတွင်၊ သောက်သုံးရေရရှိရေးလုပ်ငန်း၊ မူလတန်းကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအားကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း နှင့်တာဝန်ရှိသူများက ပန်ခေါက်ဝိုးကျေးရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ မူလတန်းကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေး၊ မိမိတို့ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဂရုတစိုက်သုံးစွဲကြစေရေး ကျေးရွာသူကျေးရွာသားများ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ညွှန်ကြားရေးမှူးချုပ် ကဆွေးနွေးမှာကြားခဲ့သည်။
 
ပန်ခေါက်ဝိုးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေပိုက်လိုင်းအရှည် ၁၃၀၀ ပေသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများအား၂၀၂၁ -၂၀၂၂ခုဘဏ္ဍာနှစ်ခြောက်လတာကလာအတွင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၆၀ ဖြင့်လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀၊ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၅၀ဖြင့် အလျား ၆၀ပေ အနံ ၃၀ပေ အမြင့် ၁၂ပေရှိ မူလတန်းကျောင်း ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား ယခုနှစ်ဇန်နဝါရီလအတွင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက် ကပြောပြ၍သိရသည်။