Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သနပ်ပင်မြို့နယ်၊ဖရဲကျေးရွာ၌ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

16 May 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်း၊ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်အတွင်းရှိ ဖရဲခေတ်မီစံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

          ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့်တာဝန်ရှိသူများက ဖရဲခေတ်မီစံပြကျေးရွာတွင် ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ဆိုလာပန့်ဖြင့် သရုပ်ပြစိုက်ပျိုးရေပေးဝေခြင်းနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ဖရဲခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေကျပ် ၄၉ ဒသမ ၄၁၆၁၅သန်း      ဖြင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ခု (၆) ဘတ်ဂျတ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည် ကျေးရွာတွင်းဂဝံကြေခင်းခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။