ပခုက္ကူ မေ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြို့နယ်၊ တဲကုန်းကျေးရွာနေပြည်သူများ၏ အလုပ်အကိုအခွင့်အလမ်းနှင့် မိသားဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ကျလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မေ ၁၃ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် တဲကုန်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါ လုပ်ငန်းအမျိုးအစားနှင့် အမှန်တကယ်ဆောင်ရွက်သောလုပ်ငန်း ကိုက်ညီမှုရှိမရှိကိုလည်းကောင်း၊ စီမံကိန်းချေးငွေဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိမရှိ အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး စည်းလုံးညီညွတ်စွာ အတိုးအရင်းများကို သတ်မှတ်ကာလအတွင်း ပုံမှန်ပေးသွင်းကြရန် မှာကြားသည်။
တဲကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ ဦး ငွေကျပ် ၂၆ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ ဦး ငွေကျပ် ၁၂ ဒသမ ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦး ငွေကျပ် ၁ ဒသမ ၂ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ငွေကျပ် သုညဒသမ ၄ ငန်း၊ စုစုပေါင်း ၁၁၆ ဦး၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၃ ဒသမ ၇ သန်းကို ထုတ်ချေးပေးထားကြောင်း ပခုက္ကူ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းထံမှ သိရသည်။
အထွေး