ဆိပ်ဖြူ၊ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ ပေတောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို
မေ ၁၃ရက် ညနေပိုင်း က တာဝန်ရှိသူ များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့်စီမံကိန်းတာဝန်ခံဝန် ထမ်းများက ပေတောကျေးရွာ၌ မြ စိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်လစဥ်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံများပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေတောကျေးရွာ၌ မြစိမ်းရောင် စီမံ ကိန်းကို ၂၀၁၅- ၂၀၁၆ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါ စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ ၁၄၁ဦး၊ ငွေကျပ် ၄၁၀သိန်း၊မွေးမြူရေးလုပ်ငန်းလုပ် ကိုင်သူ၁၀ဦး ၊ ငွေကျပ် ၂၇သိန်းငါးသောင်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၁၅၁ဦး၊ ငွေကျပ်၄၃၇သိန်းငါးသောင်း ထိထုတ်ချေးထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းဆိပ်ဖြူမြို့နယ်ကျေးလက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကပြောပြ၍ သိရသည်။
နွဲ့ယဥ်