Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်တွင်ရေရရှိရေးလုပ် ငန်းများပုံမှန်​လည်ပတ်နိုင်ရေး၊ပြုပြင်ထိန်းသိမ်း​နည်းနှင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်

13 May 22

ဆိပ်ဖြူ၊မေ ၁၃
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ရေရရှိရေးလုပ်ငန်းများ ရေ ရှည်တည်တံ့စေရန် ရည်ရွယ်၍ကျေးရွာ
ရေရရှိရေး ကော်မတီဝင်များအတွက်ရေရရှိရေးလုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေး၊စက်ရေတွင်းပြုပြင်ထိန်းသိမ်းနည်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင် တန်းကို ယနေ့ နံနက် ပိုင်း က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
  ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ဆောင် ရွက်ပြီးရေရရှိလုပ်ငန်းများကို ရေရှည်အသုံးပြုနိုင်ရေး၊အသေးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊သင့်တင့်လျောက်ပတ်သောရေဘိုးရေခများကောက်ခံပြီးကျေးရွာရေကော်မတီဝင်များက စနစ်တကျ စီမံခန့်ခွဲနိုင်စေရေး၊ရေစင်ရှိပြီးကျေးရွာများတွင် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့်ရေမီတာတပ်ဆင်ခြင်းရေပေးရေးစနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေး နွေးမှာကြားသည်။
ဆက်လက်၍ ဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နှင်းဖြူဖြူလွင် က ကျေးရွာရေရရှိရေးကော်မ တီဝင်များကိုရေရရှိရေးလုပ် ငန်းလက်စွဲ စာအုပ်ပါစက်ရေတွင်းပြု ပြင်ထိန်း သိမ်းနည်းစနစ်များ၊စက်ရေ တွင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ကြုံတွေ့နိုင်သည့်အ ခက်အခဲများကို ဆွေးနွေးပြောကြား သည်။
ထို့နောက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငအငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်မြင့်မူ က ရေဘိုးရေခကောက်ခံရန်ရေတစ်ယူနစ်အတွက်ကုန်ကျစရိတ်တွက် ချက်နည်း များ၊ရေပေးဝေရေးစနစ်များကို ထိန်း သိမ်းခြင်း၊​ရေကော်မတီအဖွဲ့ဝင်များလိုက်နာရန်စည်းကမ်းချက်များနှင့်ရေသုံးစွဲသူများလိုက်နာရမည့်စည်း ကမ်းချက်များကိုဆွေးနွေးပြောကြားသည်။
   အဆိုပါသင်တန်းသို့ တဲကြီးကျေးရွာ၊ ဒေါသာကျေးရွာ၊ဇီးပင်ကြီးကျေးရွာ၊  ဆင်လမ်းချောင်းကျေးရွာ၊ဖက္ကနားကျေးရွာ၊ညောင်ပင်လယ်ပွဲကျေးရွာ                တို့မှရေကော်မတီဝင် ၁၂ ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကိုစာတွေ့၊လက်တွေ့ဖြင့် တစ်ရက်ကြာသင်ကြားပို့ချခဲ့ကြောင်းသိရသည်။
                                                      နွဲ့ယဥ်