မိုင်းဖြတ်၊သက်မွေးပညာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဇာထိုးပန်းထိုး သင်တန်း ဖွင့်ပွဲကို မေ ၁၀ ရက် နံနက်၁၀နာရီတွင် အဆိုပါ ဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကိုဗစ်၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်(လက်ထောက်ညွှန်ကြားရေးမှူး)က ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်း များကို ရှင်းလင်းပြောကြားပြီး သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအားပေးအပ်သည်။
အဆိုပါသင်တန်းသို့ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၁၅ဦး တက်ရောက် ကြပြီး သင်တန်းတွင် အခြေခံဇာထိုးပန်းထိုးနည်းအမျိုးမျိုးကို ကျွမ်းကျင်ဆရာနှစ်ဦးက ၁၅ ရက်ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မောင်အိုးစည်