ရေနံချောင်း ၊ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ရေနံချောင်း
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကံကြီးကျေးရွာအုပ် စု၊ကံကြီးကျေးရွာ၌ယခင်ဖွဲ့စည်းထားသောစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော် မတီဝင်နှစ်ဦးမှ နှုတ်ထွက်သွားသဖြင့် ယခုအခါတွင် လိုအပ်နေသည့်မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီး ကြပ်မှုကော်မတီဝင်သစ် ပြန်လည်ရွေး ချယ်ခြင်း အခမ်းအနားကို မေ ၁၁ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ကြောင်းအရာများ၊အတိုးနှုန်းနှင့်ကာ လသတ်မှတ်ချက်များကိုမိတ်ဆက်ရှင်း လင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဒေါ်ခင်ဆွေသက်နှင့်ဝန်ထမ်းများကကော်မတီဖွဲ့စည်းရာတွင်လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များ၊ကျေးရွာမှ ဆောင်ရွက်ရမည့်လုပ် ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသောရပ်မိ၊ရပ်ဖများနှင့် ကံကြီးကျေးရွာသူ၊ကျေးရွာသားများကယခင်နှုတ်ထွတ်သွားသော မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်နှစ်ဦးအစား ကော်မတီဝင်သစ်နှစ်ဦးကို မဲစနစ်ဖြင့်အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ကံကြီးကျေးရွာရှိကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည် ရွယ်၍ မြစိမ်းရောင်စီမံကိန်းဝင်ကျေး ရွာအဖြစ်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာယခုအခါတွင် စီမံကိန်းလည် ပတ်ရန်ပုံငွေ၄၀၂သိန်း ၆၀၀၀၀ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးထွန်းမင်းက ပြောပြ၍ သိရသည်။
နွဲ့ယဥ်