ဆိပ်ဖြူ၊မေ ၁၂
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆိုလာစနစ်ဖြင့် ရေရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေး လက်နေပြည်သူများသန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေးအတွက်ဦးစီးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၂၁ဒသမ ၀၈သန်း
ဖြင့်ကျောင်းရွာကျေးရွာအုပ်စု၊ကမ္ဘားနီကျေးရွာ၌ လက်ရှိစက်ရေတွင်းအားအဆင့်မြင့်တင်ရန်အတွက် (10.53KW ) ဆိုလာစနစ်တပ်ဆင်ခြင်း၊ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် ပြည်ထောင်ငွေစုခွင့်ပြုရန်ပုံငွေ ၁၉ဒသမ၂၉သန်း ဖြင့် ထမ္မကောက်ကျေးရွာအုပ်စု၊အ ထက်ကွေ့တိုကျေးရွာ၌ 8.4KW ဆိုလာနှင့် 7.5HP၊Submersible Pump တပ်ဆင်ခြင်း လုပ်ငန်းများကို တင်ဒါအောင် မြင်တဲ့ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ နှစ်ရွာတွင် ဆိုလာရေ ပေးရေးစနစ်ဖြင့်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိအိမ်ခြေ ၁၆၆ အိမ်၊လူဦးရေ ၈၇၀ ကျော်နှင့်ကျွဲ၊နွား တိရစ္ဆာန်တို့အတွက် လုံလောက်သော သောက်သုံးရေကို ရရှိနိုင်မည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
နွဲ့ယဥ်