Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

12 May 22

မကွေး မေ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ ကန်နီကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၁ ရက်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း နှင့် မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမောင် တို့က စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းဖွင့်ပွဲ မုခ်ဦးရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကန်နီကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း၊ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးမှ နေရောင်ခြင်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဆောင်ရွက်ပေးခြင်းကြောင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ကျေးရွာရှိ အိမ်ခြေ ၁၄၁ အိမ်နှင့် လူ ၆၆၂ ဦးအတွက် သောက်သုံးရေလုံလောက်စွာရရှိနေသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။

မကွေးမြို့နယ်၊ ကန်နီကျေးရွာ၌ ဆောင်ရွက်သော ရေရရှိရေးလုပ်ငန်းတွင်ပါဝင်သည့် အကျယ် လေးလက်မ၊ အနက် ၆၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း နှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်းကို Dears Brain ကုမ္ပဏီမှ ငွေကျပ် ၁၉ ဒသမ ၄၇ သန်းဖြင့် လည်းကောင်း၊ စက်ရေတွင်းမောင်းနှင်ရန် 8.8 KW ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် 7.5 Hp ရေမြှုပ်ပန့်တပ်ဆင်ခြင်းကို Pro Engineering ကုမ္ပဏီမှ ၁၈ ဒသမ ၆၂၈ သန်းဖြင့် လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှသိရသည်။

အထွေး