ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အရှေ့ ဆင်ကျေးရွာအုပ်စု ကမ္ဘားနီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုရငွေကျပ်သိန်း ၈၀ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။
အရှေ့ဆင်ကျေးရွာအုပ်စု ကမ္ဘားနီကျေးရွာ၌ ကျေရွာတွင်းလမ်း အရှည်ပေ ၄၆၀၊ အကျယ် ၁၂ပေ၊ အမြင့် ၈လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည့်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများ အနက်မှ ငွေကျပ်သိန်း၈၀၊ ကျေးရွာနေပြည်သူတို့လုပ်အားထည့်ဝင်မှုတို့ဖြင့် မတ်လတတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ယခုအခါတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် အောင်ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း တောင်ငူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ငုဝါထွေးထံမှ သိရသည်။
အဆိုပါကျေးရွာတွင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာတွင်း သန့်ရှင်းသာယာလှပမှုရှိပြီး ကျေးရွာနေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပညာရေး၊ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။