Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်ချင်တောင်ကျေးရွာ၌ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသိ ပညာပေးသင်တန်းပို့ချနေမှုအား ကွင်းဆင်းကြီးကြပ်

11 May 22

ဆိပ်ဖြူ၊မေ ၁၁
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကြီးမှူးပြီး ဆိပ်ဖြူမြို့နယ်၊ချင်တောင်ကျေးရွာတွင် အခမဲ့ဖွင့်လှစ်ပို့ချသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊မွေး မြူရေးဆိုင်ရာအသိပညာပေး သင် တန်း ကို မေ ၁၀ရက် နံနက်ပိုင်းက တာ ဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
  ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်၊ ဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် နှင့် ဝန်ထမ်းများက စိုက်ပျိုးရေး၊မွေးမြူ ရေးဆိုင်ရာ သင်တန်း( ၅)ရက်မြောက်နေ့ သင်ကြားပို့ချနေမှုအား ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
    ရှေးဦးစွာ ပခုက္ကူခရိုင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်လင်းနိုင်  က သင်တန်းသား ၊ သင်တန်းသူများကို  စိုက်ပျိုးရေးပ ညာရပ်၊မွေးမြူရေးပညာရပ်ဆိုင်ရာများနှင့်ပတ်သက်သည်များ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ တက်ရောက်လာကြသောသင်တန်းသား၊သင်တန်းသူ များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါက်တာ ဖြူသန့်ထွန်း က နွားမွေးမြူရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ယခုလို စိုက်ပျိုးရေး၊မွေးမြူ ရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် ချင်တောင်ကျေးရွာရှိတောင်သူများမြေမှန်မျိုးမှန်နည်းလမ်းမှန်မှန်ဖြင့်စိုက်ပျိုးလုပ်ကိုင်နိုင်ပြီးတိရစ္ဆာန်မွေးမြူရာတွင်လည်း မျိုးကောင်းမျိုးသန့်များအားရွေးချယ် ၍မွေးမြူနိုင်တော့မည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်