Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်း မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဆောင် ရွက်ရန် ကျေးရွာများ ရွေးချယ်

10 May 22

ရေနံချောင်း ၊ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ရေနံချောင်း
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ အ ကောင်အထည်ဖော်ဆောင်ရွက်​ပေးနိုင်ရေးအတွက် စီမံကိန်းကျေးရွာများရွေး ချယ်ပွဲကို မေ ၉ ရက် နံနက် ၁၀ နာရီက
ရေနံချောင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
  ရှေးဦးစွာ ရေနံချောင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင် က  အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာနှင့် Cash For Work(CFW) စီမံကိန်း အ ကြောင်းများကို ရှင်းလင်းပြောကြားပြီးစီမံကိန်းကျေးရွာရွေးချယ်ရေးစံသတ် မှတ်ချက်များကို ရှင်းလင်းတင်ပြ သည်။
  ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ရေနံချောင်းမြို့နယ်တွင်ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်ရန် ကျေးရွာရွေး ချယ်ရေး စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ (၁၁)ရွာ နှင့် Cash For Work စီမံကိန်း ကျေးရွာ ၃ရွာ ရွေးချယ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာရွေးချယ်ပွဲအခမ်းအ နားသို့ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
                                                     နွဲ့ယဥ်