ဆိပ်ဖြူ ၊ မေ ၁၀
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work (CFW) စီမံကိန်းကျေး ရွာ ရွေးချယ်ပွဲကို မေ ၉ ရက် နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးမှ အဖွင့်အမှာစကား ပြောကြား သည်။
ဆက်လက်၍ ဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က (CFW)စီမံကိန်းကို ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ လုပ်အားခရရှိစေပြီးစားဝတ်နေရေးအဆင်ပြေစေရန်အတွက်ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာသုံးရွာ၌ စီမံကိန်းဆောင်ရွက်နိုင်ရန်လျာထားကြောင်း၊စီမံကိန်းကျေး ရွာရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်ကျေးရွာရွေးချယ်ရာတွင်လိုက် နာရမည့် အချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စီမံကိန်းကျေးရွာရွေးချယ်ပွဲသို့ တက်ရောက်လာကြသည့် ဆိပ်ဖြူ
မြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီဝင်များက Cash For Work (CFW) စီမံကိန်းကျေးရွာ သုံးရွာကို သတ်မှတ်ထားသည့်ကျေးရွာရွေး ချယ်ရေးစည်းမျဥ်းစည်းကမ်းများနှင့်အညီဦးစားပေးအလိုက် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
နွဲ့ယဥ်