ချောက် မေ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာများရွေးချယ်ချယ်ခြင်းကို ယနေ့နံနက် ၈ နာရီက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ စီမံကိန်းလက်စွဲပါ လိုက်နာရန်အချက်များ၊ VDP စီမံကိန်း ဆောင်ရွက်ပြီးကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဌာနမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပေပင်ကုန်း၊ ချောင်းတက်၊ တောင်သာ(တ)၊ ဥယျာဥ်(န)၊ စမ်းစု၊ ဝသဲစမ်း၊ တောင်ဘလူ၊ ဇီးချိုပင်၊ သတွတ်ကုန်း၊ လက်ပံကျွန်းရွာသစ်၊ သပြေပင်၊ ဆူးတပ်ကျေးရွာနှင့် လင်းတကိုင်းကျေးရွာတို့အား VDP စီမံကိန်းဆောင်ရွက်ရန် လျာထားရွေးချယ်ခဲ့ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောက်မြို့နယ်၌ ကျေးရွာပေါင်း ၂၂၆ ရွာရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၆၁ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များ မြင့်မားလာပြီဖြစ်ကြောင်း ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။
အထွေး